Admin
+++
Not For Business / စီးပွားဖြစ် ဘလော့ဂ် မဟုတ်ပါ
Blue Book ဆိုလိုက်တာနဲ့ နှာခေါင်းရှုတ်ချင်ကြတယ်။ အရင်တုန်းက ဆိုရင် ညစ်ညမ်းစာပေ အဖြစ်
သတ်မှတ် ထားပြီး လူတွေကို အဆိပ်ခတ်တဲ့ စာပေ အဖြစ် မဖတ်ကြရန် တိုက်တွန်းကြတာ တွေလည်း ရှိပါတယ်။
ဒါပေမယ့် စာပေတိုင်းမှာ အားနည်းချက်၊ အားသာချက် ဆိုတာ ရှိစမြဲပါပဲ။ မိမိ ဘလူးစာပေ ကို ဘာလို့ ကြိုက်ရတာလဲ ဆိုတော့ လူမှုဝန်းကျင်ဘဝ အဖုံဖုံ လေ့လာခွင့် ရတယ်၊ ဖြစ်ရပ်မှန် သရုပ်မှန် ဘဝတွေ ကြားသိခွင့် ရှိတယ်။ ခံစားမှု ရသ အဖုံဖုံ ကိုလညး် ပေးစွမ်းနိုင်တယ်လို့ ထင်တယ်။ နောက်ပြီး ယူတတ်ရင် ဆေးဆိုသလိုပါပဲ၊ ဘလူးစာပေ ထဲမှာလည်း ပညာပေး ဝတ္ထုလေးတွေလည်း တွေ့မြင်နိုင်ပါတယ်။ ဒါဟာ ယူတတ်ရင်တော့ ဆေးပေါ့ဗျာ။ မယူတတ်ရင်တော့ လမ်းမှားတော့ ရောက်နိုင်တယ်။
နောက်ပြီး ဇာတ်လမ်းတော်တော်များများမှာ တစ်ခါ မဲပြာ ပဲဆိုးတွေ များနေတယ်။ နောက်ပြီး ဇာတ်ကွက်တူ ၊ အရေးအသားတူ ၊ တင်ပြပုံ တူနေတာ တွေလည်း အများကြီး ဖတ်ရတယ်။ ရေးမယ့် ရေးရင် အဆင့်မြင့်မြင့် လေး ရေးပေးကြဖို့ ဆရာ၊ ဆရာမ တွေကို တိုက်တွန်းချင်ပါတယ်။ မိမိ တတ်နိုင်သလောက် ဘလူးဘွတ် များကို စုစည်း တင်ပြပေးသွားပါမည်။ အကြံဉာဏ် ပေးနိုင်ပါသည်။
အားပေးမှု ကျေးဇူးတင်ပါတယ်။
Admin
No comments:
Post a Comment