ကလောမြို့နဲ့ တူတဲ့အချစ် (အပိုင်း -၂)ဇာတ်သိမ်း
ရေးသူ - မင်းသော် (အချစ်တက္ကသိုလ် မှကူးယူသည်)
ဝင်းလဲ့နွယ်၏ မျက်လုံးထဲတွင် မားကက်တင်းဌာနမှ လက်ထောက်မန်နေဂျာ မင်းသော်ကို စတင်သတိထားမိသည်မှာ မကြာသေးပါ။ ထုတ်ကုန်အသစ်တစ်ခုကို ဈေးကွက်ထိုးဖေါက်ရန် ဌာနပေါင်းစုံမှ ကိုယ်စားလှယ် တစ်ဦးစီ ညွှန့်ပေါင်းဖွဲ့လိုက်သော အဖွဲ့တွင် နွယ်ကိုယ်တိုင် ပါဝင်တော့မှ စတင် သိကျွမ်းခဲ့ခြင်းဖြစ်သော်လည်း မင်းသော်ကို သတိထားမိသော level တစ်ဆင့်ပြီး တစ်ဆင့် တက်လာလေသည်။
မင်းသော်သည် မှုန်နေအောင် ချောသည့်အထဲ မပါသော်လည်း ယောက်ျားပီသပြီး တည်ကြည်ခန့်ညားသည်ဟု ခံစားရသည်။ ပရောဂျက်ထဲက တခြား အကောင်တွေလို မိန်းမတွေ့တိုင်း ဣနြေ္ဒမရ ခေါ်တောကြည့် ကြည့်နေတာမဟုတ်ဟု ထင်သည်။ သူနှင့် ဖယ်ရီတူတူစီးသည့် မင်းသော်ကို စိတ်ဝင်စားနေသော account ဌာနမှ တွယ်တာ က ညွန်းလွန်းသဖြင့် မင်းသော် ကောင်းကြောင်းများကို ကြားဖူးနေသည်မှာကြာပြီးဖြစ်သော်လည်း သူ့ဖာသာ သူကြိုက်တဲ့ ဘဲ ဖြစ်တာနဲ့ပဲ အသေညွှန်းနေတာပဲဟု ထင်ခဲ့ဘူးသည်။
သို့သော် အလုံးစုံ မဟုတ်သော်လည်း တွယ်တာ ပြောတာ မှန်သင့်သလောက် မှန်သည်ဟု အလုပ် အတူ တွဲလုပ်ရတော့မှ သိလာခဲ့သည်။ မင်းသော်သည် အလုပ်အကိုင် တော်သည်သာမက ပေါင်းသင်းဆက်ဆံရေးလဲ ကောင်းသည်။ အဖွဲ့မှ ၀န်ထမ်းအားလုံးကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် ရည်မှန်းချက်ရောက်အောင် ဆွဲခေါ်သွားနိုင်သည့်အတွက် GM ကိုကြီး က မျက်နှာလွှဲရသူဟု ကြားဘူးသည်မှာ မမှားဟု ထင်သည်။ မိန်းကလေးများအား ဆွဲဆောင်နိုင်ရန် မင်းသားလို ချောစရာမလိုပဲ မိန်ကလေးများ အားကိုးလောက်သည့် ကောင်းကွက်များ ရှိရန်သာ လိုအပ်ကြောင်း မင်းသော်ကို ကြည့်ပြီး နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နွယ် ကိုယ်တိုင် မင်းသော်ကို စိတ်ဝင်စားမိနေသောကြောင့်ပေတည်း။
မကြာမီ သူတို့ အတူတွဲလုပ်ရသော ပရောဂျက် ပြီးသွားသဖြင့် နည်းနည်း အလှမ်းဝေးသလို ဖြစ်သွားသော်လည်း မင်းသော်အပေါ် ထားသော အချစ်က မလျှော့သွားခဲ့ပါ။ သို့သော်လည်း ဣနြေ္ဒရှင် မိန်းကလေးတစ်ဦးဖြစ်သဖြင့် သူ့ဆီကို ရေမလာသည်ကို မြောင်းဘယ်လိုပေးရမှန်းမသိပဲ နွယ် လမ်းစပျောက်နေခဲ့ပါသည်။ မကြာမီ ဖူးစာရေးနတ် ကျူးပစ် သူ့ဆီရောက်လာသည်ကို တွေ့ရတော့သည်။ ဖူးစာရေးနတ်မှာ လူယောင်ဆောင်ထားပုံရသည်။
"ကဲ ဒီနှစ် ကုမ္ပဏီက ၀န်ထမ်းတွေ အားလုံးကို ဆုချတဲ့အနေနဲ့ ကလော၊ တောင်ကြီး ခရီးစဉ် လကုန်မှာ စီစဉ်ထားတယ်။ မလိုက်မနေရ။ မလိုက်ရင် လစာထဲက ဖြတ်မယ်။ အိမ်က မထည့်ရင် ငါကိုယ်တိုင် လိုက်ပြောမယ်"
"ဟေး..."
ကျူးပစ်သည် GM ကိုကြီး ပုံစံဖြင့် နွယ်တို့ ရှေ့ရောက်လာတာဖြစ်သည်။ ခရီးသွားခြင်းသည် တစ်ယောက်နဲ့ တစ်ယောက် ပိုမို ရင်းနှီးစေသည်။ အထူးသဖြင့် အလုပ် ဖိအား မရှိသည့်အချိန်တွင် တစ်ယောက်အကြောင်း တစ်ယောက် လေ့လာ၍ ရသည်မို့ နွယ် အရမ်းပျော်သွားမိသည်။ သွယ်က မလိုက်ချင်သလို အင်တင်တင် လုပ်နေသည်။
"လစာ ဖြတ်ချင်ဖြတ်ဟာ။ ငါမလိုက်ချင်ဘူး ၀င်းလဲ့နွယ်"
"လိုက်ခဲ့ပါဟာ"
"ဟာ..မလိုက်ချင်ဘူးဆိုကွာ။ လူတွေနဲ့ ဝေးဝေးမှာ အေးအေးဆေးဆေး နေချင်တယ်ဟာ.."
"တခြားလူတွေနဲ့ ဝေးဝေးနေချင်နေပါ။ လူတစ်ယောက်နဲ့တော့ နည်းနည်း နီးနီးစပ်စပ် နေပေးပါဟာ..ငါ့အတွက် အရေးကြီးလို့ပါ"
"ဘာ...ဘယ်သူ့ကိုလဲ"
နွယ်သည် သူ့ညီမ သွယ်ကို မင်းသော်နဲ့ ပတ်သက်သည့် သူ့ခံစားချက်များ မချွင်းမချန် ဖွင့်ဟမိသည်။ နွယ်တို့ညီအစ်မသည် အသက်သိပ်မကွာသည့်အတွက် သူငယ်ချင်းလို ဖြစ်နေပြီး တခုခုရှိလျှင် အချင်းချင်း တိုင်ပင်လေ့ရှိကြသည်။ ပုံမှန်ဆိုလျှင် နွယ်က အေးဆေးပြီး သူ့ခံစားချက်များကို သိုဝှက်တတ်သည်။ သွယ်က ဟောဟောဒိုင်းဒိုင်းဖြစ်သောကြောင့် သွယ့်ကိစ္စတွေ နွယ် အကြံပေးရတာသာများသည်။ သို့ရာတွင် သွယ် အခုတလော စကားနည်းပြီး ငြိမ်နေသကဲ့သို့ နွယ်က သူ့ခံစားချက်များ အားလုံး ဖွင့်ပြောနေသဖြင့် နွယ်နှင့်သွယ် လူချင်းများ မှားနေသလားဟု နွယ် ခံစားရသည်။
"ကိုမင်းသော်က ကြားရသလောက်တော့ မဆိုးပါဘူး။ ဒါပေမဲ့ လူတွေဆိုတာ အပြင်ကကောင်းတယ် ကြားတိုင်း စိတ်ဓါတ်အရင်းက ကောင်းချင်မှ ကောင်းတတ်တာ"
"အေးပါဟာ…အဲဒါကြောင့် ငါလဲ နင့်ကို တိုင်ပင်တာပေါ့"
"နင် စဉ်းစားပါဦး နွယ်ရာ။ နင်က စိတ်နုနုလေး နင့်ကို တခုခု ထိခိုက်အောင်လုပ်ရင် နင်ပဲဒုက္ခရောက်မှာ"
"ကိုမင်းသော်က အဲ့လို ဟုတ်မယ် မထင်ပါဘူးဟာ"
"နင့်ကို သူက ရည်းစားစကားပြောပြီးပြီလာ"
"အဲဒီလိုတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ သူငါ့ကို ကြည့် ကြည့်နေတာ ငါ သိတယ်။ တခါတလေလဲ မျက်လုံးခြင်း စကားပြောတယ်ပေါ့ဟာ။ ဒါပေမဲ့ ငါ့ကို သူစိတ်ဝင်စားနေတာ ဟုတ်လား မဟုတ်ဘူးလား သိချင်တာ"
"စိတ်ဝင်စားတယ်ဆိုရင်ကော"
"စိတ်ဝင်စားလို့ သူနှေးနေရင်တောင် ငါက တခုခု ရေလာမြောင်းပေးလုပ်ရမှာပေါ့"
"နွယ် …ငါတခုပြောမယ်နော်။ ယောကျာ်းတွေက နှာဗူးတွေချည်းပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် နင့်ကို တယောက်ယောက်က ချစ်တယ်ပြောရင် နင့်ကို စားချင်လို့ ၊ နင့် ခန္ဒာကိုယ်ကို သူတို့ စိတ်ကြိုက်သုံးချင်လို့ဆိုတာ နင် မမေ့နဲ့"
"နင့် စကားကြီးကလဲဟာ"
"ဟုတ်တယ်။ ကိုမင်းသော်လဲ ယောက်ျားပဲ နင်သတိထား"
"အယ်..အိမ်ထောင်ပြုကြတဲ့ စုံတွဲတွေကရော အတူတူ မအိပ်ကြလို့လား။ ဒါလဲ ချစ်လို့ ယူကြတာပဲ မဟုတ်ဘူးလား မိသွယ်ရယ်"
"နင်က ရည်းစား မထားဘူးတော့ ဘယ်သိပါ့မလဲ။ ငါက ရည်းစားတွေ အများကြီး ထားဘူးတော့ ယောက်ျားတိုင်းက ငါတို့ မိန်းကလေးတွေဆီက ဘာလိုချင်လဲဆိုတာ ငါ အသိဆုံးပေါ့ဟာ"
"ဘာလိုချင်တာလဲ"
"နင့်ရဲ့ ခန္ဒာကိုယ်ပဲ။ နင့်ရဲ့ ရင်သား နို့…အဲဒါကို ကစားချင်ကြတယ်။ ကိုင်ချင်ကြတယ်။ နင့် အဖုတ်ထဲကို သူတို့ ပစ္စည်းနဲ့ ထိုးချင်တယ်။ နှာတအား ထတဲ့ကောင်တွေဆိုရင် စအိုပေါက်ပါ ရန်ရှာကြတာ"
"အယ်..နင်ကလဲ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက် .. တစ်တစ်ခွခွတွေ…ငါလဲ ခေတ်လူငယ်ပါပဲ။ အဲလို ရုပ်ရှင်တွေ ကြည့်ဘူးတော့ သိပါတယ်။ ဒါတွေက အိမ်ထောင်ပြုရင် တနေ့ ကြုံရမှာပဲ မဟုတ်လား။ ပြီးတော့ ယောက်ျားတိုင်း နှာဗူး မဟုတ်ပါဘူးဟာ။ စိတ်ထားကောင်းတဲ့ သဘောထား မြင့်မြတ်တဲ့ လူတွေ ရှိဦးမှာပါ။ ကိုမင်းသော်က အဲဒီလို လူမျိုး ငါထင်တယ်"
"အဲဒါတွေက ဖတ်လို့ကောင်းအောင် ရေးတဲ့ ၀တ္ထုတွေထဲမှာပဲ နင်တွေ့ရမှာ။ အဲဒီလို ကောင်တွေနဲ့ ယူရမဲ့အစား အပျိုကြီး တစ်ယောက်တည်း နေစမ်းပါဟာ"
"ဘာပဲပြောပြောဟာ ..နင်ငါ့ကို ကူပြီး ကိုမင်းသော်ကို အကဲခတ်ပေးစမ်းပါဟာ။ ငါ့ကို ချစ်ရင် လုပ်ပေးပါ ညီမလေးရာ"
"အကဲခတ်ပြီးလို့ ငါသဘောမတူရင် နင်သူနဲ့ မတွဲရဘူးနော်။ အဲဒါ သဘောတူမှ ငါလုပ်ပေးမယ်"
"အေး..အေးပါဟာ.."
နွယ် ကံကြမ္မာနှင့် ကိုမင်းသော် ကို ယုံကြည်စွာဖြင့် လောင်းကြေးထပ်ခဲ့မိပါပြီ။ အကယ်၍သာ သွယ် ထင်သလိုဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ နွယ်တို့ ဝေးကြရမှာလား။
ဒီကုမ္ပဏီကို ရောက်ကတည်းက ကိုမင်းသော်ကို သွယ် သိပြီးသားပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ပြောလို့ မရရင်တောင် တည်ငြိမ်အေးဆေးတဲ့ ပုံစံနဲ့ အလုပ်အကိုင် တော်တယ်ဆိုပြီး သတင်းကြီးတဲ့ သူဟာ ရုံးမှာတော့ မင်းသားတစ်ပါးပါပဲ။ သူက အလုပ်နဲ့ပတ်သက်ရင် တက်ကြွနေသလောက် မိန်းကလေးတွေနဲ့ သိပ်ရောတာတော့ မတွေ့ပါဘူး။
သွယ် စရောက်ခါက လိုက်မိတ်ဆက်ပေးတုန်းက တခါ အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးပြခဲ့တာရယ်၊ လမ်းမှာ တွေ့ရင် နှုတ်ဆက်တာလောက်က လွဲရင် ဒီလောက် ရေပန်းစားတဲ့ ပန်းတပွင့်ဖြစ်တဲ့ သွယ့်ကိုတောင် ထူးထူးခြားခြား ဆက်ဆံတာ မရှိပါဘူး။ ယောက်ျားလေးတွေ တော်တော်များများက သွယ့်ကို တွေ့ရင် ရမ္မက်စိတ်နဲ့ ကြည့်ကြတယ်ဆိုပေမဲ့ သွယ်က အဲဒီလို ဖြစ်အောင် ဖန်တီးထားတာကိုး။ သွယ်က ကိုယ့်အလှပေါ်အောင် ကိုယ်ကြပ်တွေ ၊ အတိုအပြတ်တွေ အမြဲဝတ်တတ်တယ်။ ဒီကောင်တွေ သွယ့်ကို ခိုက်လာအောင် လုပ်ပေမဲ့ သွယ် သူတို့ကို စည်းတစ်ခုထားပြီး ပြောဆိုဆက်ဆံတယ်။ တကယ်ကြွေတဲ့ ကောင်တွေကိုလဲ သွယ်ပဲ မသိမသာ အသည်းခွဲတမ်း ကစားတတ်ပါသေးတယ်။ သွယ့်ကို မရရင် သေမတဲ့လေ။ ကောင်းပြီလေ …သေကြပေါ့။ ယောက်ျားတွေရဲ့ စကားတွေ မယုံခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ။
သွယ် ရဲမွန်နဲ့ လမ်းခွဲအပြီးမှာ ရဲမွန်က ခဏခဏ ထပ်ပြီး တောင်းပန်ပါသေးတယ်။ သွယ် ဒီလို ယုတ်မာတာ ဘယ်လိုမှ လက်မခံနိုင်ဘူး မုန်းတယ် ခါးခါးသီးသီးကို မုန်းမိတယ်။ ယောက်ျားတွေရဲ့ ပုံစံတွေကိုက ကွယ်ရာမှာ ဒီအချိုးကိုပဲ လှမ်းနေတာ သွယ် ကောင်းကောင်း သိကတည်းက ရည်းစား အတည်တကျ မထားတော့ဘူး ဘယ်သူ့ကိုမှလဲ သွယ် ယုံကြည်ရတယ်ဆိုတဲ့ အတွင်းစည်းထဲ အ၀င်မခံနိုင်ဘူး။
ခရီးတစ်လျှောက်မှာ ကိုမင်းသော် စာမေးပွဲအောင်ပါတယ်။ နွယ့်ကို ချစ်နေတဲ့ အမူအယာ ရှိတယ်ဆိုတာ သူ့မျက်လုံးထဲမှာ တွေ့နေရပါတယ်။ သွယ် သူ့ကို အနီးကပ် ၀င်ရောခဲ့ပေမဲ့ သွယ့်ကို နွယ့် ညီမတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ သွယ် ခံစားရပါတယ်။ ဟန်ဆောင်တာ အရမ်းပိရိလွန်းတာ မဟုတ်ရင်တော့ တကယ့်ကို ဖြူစင်တဲ့လူပါပဲ။
နွယ့်နဲ့သွယ် ကလောမှာ ညနေ ထမင်းမစားခင် ၂ ယောက်တည်း စကားပြောကြသေးတယ်။
"သူ့ကို နင် ဘယ်လိုထင်လဲ သွယ်"
"မဆိုးပါဘူး ဒါပေမဲ့ ငါနောက်ဆုံး တစ်ချက် စစ်ဆေးကြည့်ချင်သေးတယ်"
"ဘာကို စစ်ဆေးချင်တာလဲ သွယ်"
"နင့်ကို စိတ်ဝင်စားနေတာတော့ ဖြစ်နိုင်တယ် နွယ်..။ ဒါပေမဲ့ ဘယ်လောက် စိတ်ဝင်စားသလဲ၊ နင့်အပေါ်မှာ သူ့သဘောထား ဘယ်လောက် လေးလေးနက်နက်ရှိလဲဆိုတာ ငါသေသေချာချာ သိချင်တယ်"
"နင် ဘယ်လို စစ်ဆေးမှာလဲ"
"ငါ့မှာလဲ ငါ့နည်းလမ်း ရှိပါတယ်။ နင်က ငါ့ကို တခု လုပ်ပေးရမယ်။ ဒီညက စပြီး နင်သူ့ကို ရှောင်နေပေးပါ။ စကားလဲ မပြောနဲ့။ သူနဲ့ မျက်နှာခြင်းဆိုင် တွေ့ရင် တခြားဘက်ကို လှည့်ပြီးသွားရမယ်"
"ဘာဖြစ်လို့ ရှောင်နေရမှာလဲ"
"ငါ့ရဲ့ စမ်းသပ်ချက်ထဲမှာ အဲဒီလို နင်နေမှ အဖြေထွက်မှာ"
"တော်ကြာ သူက ငါ့ကို စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ"
"နင်ကလဲ အခုထဲက ဖြစ်နေလိုက်တာ။ နင်တို့ တကယ် ဖူးစာပါရင် ရကို ရမှာပေါ့အေ"
နွယ် …ကတိအတိုင်း ဒင်နာညကစပြီး မင်းသော်ကို ရှောင်နေတော့သည်။ ဒါပေမဲ့ မနေနိုင်သဖြင့် ကားအဆင်းမှာ တချက် နောက်ဆုံး လှမ်းကြည့်လိုက်သေးသည်။ ကိုမင်းသော်က သူ ဘီယာသောက်သဖြင့် မကြိုက်၍ ကြည့်သည်ဟု ထင်သွားလား မသိ။ သူ့မျက်နှာ ကြည့်ရတာ စိတ်ရှုပ်သွားပုံရသည်။ ရင်ထဲမှာတော့ မကောင်း။ ဒါပေမဲ့လဲ သွယ် သဘောတူမှ ရှေ့ဆက်တော့မည်ဟု ဆုံးဖြတ်ထားသည်။ အချစ်ဆုံး ညီမလေး သဘောကျရင် အားလုံးအတွက် အကောင်းဆုံး ဖြစ်မည်။
တောင်ကြီးမှာ နေ့လည်စာ စားပြီးချိန်ကလဲ ကိုမင်းသော် တစ်ခါ နေမကောင်းဘူးလားဆိုပြီး စကားရော ဖေါရော လာလုပ်သည်။ တည့်တည့်ကြီး ရင်ဆိုင်တွေ့သဖြင့် စကားမပြောပဲ လှည့်ထွက်သွားရန်လဲ မသင့်တာကြောင့် စကားနည်းနည်း ပြန်ပြောပြီး ရှောင်နေလိုက်သည်လေ။
ရန်ကုန်ပြန်ရောက်လာပြီး ရုံးတက်ရသော်လဲ ဌာနခြင်း မတူတော့သဖြင့် မျက်နှာခြင်းဆိုင်တွေ့စရာ မလိုတော့သည့်အပြင် သူကလဲ တမင်ရှောင်နေလိုက်တာနဲ့ မတွေ့ကြတော့ပါ။ ကိုမင်းသော်ကတော့ ရှာသည်ဟု ထင်သည် မတွေ့တော့ လက်လျှော့သွားရင်လဲ ဒုက္ခပါပဲ ဒါပေမဲ့ သွယ်ပြောသလို ဖူးစာပါရင် ညားကြမှာပဲလို့သာ ကံကြမ္မာကိုသာ ယုံကြည်ရတော့မည် ဖြစ်သည်။ သွယ် ဒီနေ့မနက် ရုံးတက်သည့်အချိန် အခန်းထဲကို ကိုမင်းသော် ၀င်လာသည်။ သွယ့်ရှေ့ကိုလာပြီး စကားပြောသည်။
"မတွေ့တာကြာပြီနော်။ ခရီးပြီးကတည်းက"
"အယ်..ဘယ်မှာ ကြာသေးလို့လဲ။ ခရီးက ပြန်လာတာ ၅ ရက်ပဲ ရှိသေးတာကို ကိုမင်းသော်ကြီးက နောက်ပြီ"
"ဟုတ်သားပဲ။ ကျနော်က တော်တော် ကြာပြီထင်နေတာ"
ကိုမင်းသော် မျက်နှာကြီး ရဲသွားတာ သွယ် သတိထားမိလိုက်သည်။ ရှက်သွားတာဖြစ်မည်။ အော်…တော်တော် နုသေးတာပဲ စိတ်ထဲက ဘာဖြစ်နေတယ်ဆိုတာ တခြားသူ မသိအောင် မထိန်းနိုင်သေးဘူး ဟု တွေးမိသည်။ ရိုးသားသည်ဟု အမှတ် တစ်မှတ် ထပ်ပေးမိသည်။
"အလုပ်လုပ်ရတာ စိတ်ဖိစီးလို့ ခရီးတွေပဲ ထပ်သွားချင်နေတာ မဟုတ်လား ကိုမင်းသော်"
"ဟဲဟဲ…ဟုတ်တယ်…။ ရုံးပြန်တက်တဲ့အခါ လုပ်စရာတွေကများပြီး နည်းနည်း အလုပ်ရှုပ်လို့လေ…"
သွယ် အဆင်ပြေအောင် ပြောလိုက်တော့မှ ကိုမင်းသော် ရယ်ကျဲကျဲနှင့် ကိုယ့်စကား ကိုယ်ပြန်ဖြည်လေသည်။ စကားကို ပလီပလာ မပြောတတ်ဘူးထင်တယ်။ တကယ့်လူရိုးလေး သင်္ချီုင်းက ရောက်နေတာပါကလား။ ကဲ တစ်မှတ် ထပ်ပေးရမယ်။ သွယ် …ဒါ နွယ့်အတွက် အမှတ်တွေ ပေးနေတာနော်။ နင့်အတွက်မဟုတ်ဘူး..။
"ဒီနေ့ နေ့လည် ထမင်းစားချိန်ကျရင်ဖြစ်ဖြစ် အလုပ်သိပ်မများဘူးဆိုရင် ကော်ဖီ လိုက်တိုက်ချင်လို့ပါ"
ကိုမင်းသော် စကားကြောင့် သွယ် ကွန်ပြူတာကို ကြည့်နေရာမှ မော့ကြည့်လိုက်သည်။ အယ်လယ့် အလာကြီးပါလား။ ငါ့ကိုတောင် အပြင်ထွက်ပြီး ကော်ဖီသောက်ဖို့ ခေါ်နေတယ်။ ကိစ္စမရှိပါဘူး သွယ်ပဲလေ ဒါမျိုး လုပ်လို့ ဘယ်ရမလဲ။
"အော်…ကိုမင်းသော် …ဒီနေ့ တနေကုန် မအားတော့ဘူး။ သွယ် အပွိုင့်မန့်တွေ ရှိလို့"
"ဟုတ်ကဲ့…။ အဲဒါဆိုလဲ နောက်မှ တွေ့မယ်နော်"
ကိုမင်းသော် ခေါင်းကုတ်ပြီး လှည့်ပြန်သွားသည်။ ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေသည့် ပုံ ကို သွယ်ကောင်းစွာ မြင်လိုက်သည်။ သူကိစ္စ တစ်ခုခု ရှိလို့ဖြစ်မယ်ထင်တယ်။ တွေ့လိုက်ရင် ကောင်းမလား။ အင်မတန် ပြတ်သားသည်ဟု ကိုယ့်ကိုယ်ကို ထင်ခဲ့သည့် သွယ် ချီတုန်ချတုန်ဖြစ်နေလေသည်။
သိပ်မကြာလိုက်ခင်မှာ သွယ် ဇာတ်ညွှန်းအပြောင်းအလဲ လုပ်လိုက်ရသည်။ အခန်းအပြင်ကို ထွက်လိုက်သည့်အခါ ကိုမင်းသော်တောင် သိပ်အဝေးကြီး မရောက်သေး။ သွယ် လှမ်းခေါ်လိုက်သည်ကို မြင်သည့် Engineer လေး တစ်ယောက်တောင် ထူးထူးဆန်းဆန် ကြည့်နေသည်။ ကိုမင်းသော် သွားနေရာမှ ရပ်လိုက်သည်နှင့် သွယ်လက်ကာပြပြီး သူ့ဆီ ရောက်အောင် ဆက်လျှောက်လိုက်သည်။ ဟို အင်ဂျင်နီယာ ငနဲ သွယ့် တင်သားများကို ဂလုနေသည်ကို သွယ် သိလိုက်သည်။ မိန်းကလေးတွေမှာ တတိယ မျက်လုံးပါသတဲ့လေ။
"ဒီညနေ ဒင်နာကျွေးမလား။ အဲဒါဆို အားတယ်"
ကိုမင်းသော် ကမန်းကတမ်း ခေါင်းညိမ့်လိုက်သည်။ အသံက ပြီးမှ ထွက်လာသည်။
"ဟုတ်ကဲ့။ ဟုတ်ကဲ့"
ကိုမင်းသော် ပုံစံကြည့်ပြီး သွယ် မရယ်မိအောင် မနည်းထိန်းလိုက်ရသည်။ နွယ့် ပစ္စည်း မို့လို့ပေါ့၊ ဟွန်း ..ဒင်း ငါနဲ့သာဆို မလွယ်ဘူး။ သိပ်မကြာခင် ငါလုပ်တာနဲ့ ရူးနိုင်တယ်။ ခစ်ခစ်
မင်းသော် သွယ်နှင့် ချိန်းထားသည့် Restaurant တွင် ရောက်နေပြီ ဖြစ်သည်။ မင်းသော်၏ အစီအစဉ်မှာ ကော်ဖီဘား တစ်ခုခုတွင် နေ့လည်စာစားရင်း အလ္လာပ သလ္လာပ စကားပြောပြီး သွယ်နှင့် ပိုရင်းနှီးအောင်လုပ်မည် ပြီးမှ မသိမသာ နွယ့်အကြောင်း စုံစမ်းမည်။ သို့သော်လဲ သွယ်က မအားဟု ဆိုသဖြင့် ဘယ်လိုလုပ်ရမှန်း မသိသော အချိန်မှာ အငိုက်မိပြီး ဒင်နာ ချိန်းလိုက်မိခြင်းဖြစ်သည်။ သွယ်က Italy အစားအစာ ကြိုက်သည်ဟု ဆိုသဖြင့် ယခု fine dining restaurant ကို ရွေးလိုက်ခြင်းဖြစ်သည်။ ဒီဆိုင်က အစားအသောက်များ ဈေးအနည်းငယ်ကြီးသည်ဟု သိရသော်လဲ ဒီလောက်တော့ ရင်းရမည်ဖြစ်သဖြင့် နှမြော မနေတော့ပါ။
ဆိုင်ထဲမှာ ပြိုးပြိုးပြက်ပြက် အရောင်များ လင်းလက်သွားသည်ဟု ထင်မိသည်။ သွယ်က ညနေခင်းဝတ်စုံ evening dress ခရမ်းရောင် ၀တ်ပြီး ကြိုးသိုင်း ဒေါက်မြင့် ဖိနပ် ရွှေရောင်လေး ပေါ်တွင် မျဉ်းတဖြောင့်တည်းကျအောင် လှလှပပ ကြွကြွရွရွ လှမ်းပြီး ဆိုင်ထဲ ၀င်လာသဖြင့် အချို့ယောက်ျားလေးများ ဦးခေါင်း ဘယ်ညာ ယိမ်းသွားလေသည်။ နဂိုကမှ ကိုယ်လုံးလှသော သွယ် ဒေါက်မြင့်ဖိနပ်အစွမ်းကြောင့် ပင့်တင်ထားသော တင်ပါးမှာ အပေါ်သို့ မောက်ကာ ကော့တက်နေသဖြင့် ဆိုင်အတွင်းရှိသော အမျိုးသား ကြီးငယ်တို့မှာ မျက်လုံး လေ့ကျင့်ခန်း ရသွားလေသည်။
"၀ိုး ….လှလိုက်တဲ့ အိုးကွာ"
အနားမှာ ရှိသော ၀ိတ်တာ ၂ ယောက် တီးတိုး ပြောသံကို ကြားဖြစ်အောင် ကြားလိုက်ရသည်။ ပေါင်လည် အထိသာ ရှည်သော ဂါဝန်တိုလို့ ခေါ်မလားမသိသော ၀တ်စုံလေးကို ၀တ်လာခြင်းကြောင့် သွယ်လျှပြီး အဖျား ရှုးသွားသည့် ပေါင်တံလေးများကို အထင်းသား မြင်ရလေသည့်အတွက် မဆီမဆိုင် မင်းသော်တောင် မျက်နှာပူသလို ခံစားရလေသည်။
တော်သေးတယ်။ ရေချိုးပြီး အ၀တ်အစားလဲလာလို့ ဟု မင်းသော် စိတ်ထဲ တွေးလိုက်မိသည်။ ဆိုင်ကောင်းကောင်းကို သွားရမည်ဖြစ်သဖြင့် ဂျင်းဘောင်းဘီ အပြာနုနှင့် စပို့ရှပ် အဖြူကို ဝေါ့ကင်းရှုးနှင့် တွဲဖက်ဝတ်ဆင်ထားလို့သာ တော်တော့သည်။ စုတ်စုတ်ပြတ်ပြတ်များ ၀တ်သွားမိရင် ဒရိုင်ဘာလို့တောင် အထင်ခံရနိုင်သည်။ စားပွဲတွင် ၀င်မထိုင်သေးခင် သွယ်က မင်းသော်ကို ပြုံး၍ နှုတ်ဆက်သည်။
"ရောက်နေတာ ကြာပြီလား အကို"
မင်းသော် သူ့ကို အရင်တုန်းက ကိုမင်းသော်ဟု ခေါ်တာကို သတိရလိုက်သည်။ အခုကျတော့ အကို ဆိုတော့ ပိုရင်းနှီးသွားတဲ့ သဘောလား။ အကို ခေါ်တာ အသံတိုးတိုးနှင့် ခပ်ဆတ်ဆတ်လေး ခေါ်လိုက်တော့ သေသေချာချာ နားထောင်မှ အကိုဟု ကြားပြီး အမှတ်တမဲ့ ကို လို့ ခေါ်သလိုတောင် ထင်ရသည်။ ဘေးက အားပေးနေသော မျက်လုံးများ သွယ်နဲ့သူ နှစ်ယောက်စကားပြောလိုက်တာနဲ့ ကန့်လန့်ကာချ ပွဲသိမ်းသွားသည်။ ဘဲရှိနေတာပဲဆိုပြီး လွှတ်ပေးလိုက်တဲ့ သဘော ဖြစ်နိုင်သည်။
"ဟုတ်..အဲ…သိပ်မကြာသေးပါဘူး။ ခုနကမှ ရောက်တာ"
မင်းသော် စကားတွေ အယောင်ယောင် အမှားမှား ဖြစ်တာ ၂ ခါရှိပြီဖြစ်၍ သတိထားရတော့မည်။ သွယ်က ၀င်ထိုင်သောအခါ ၀ိတ်တာလေးမှ မီနူး လာပေးသည်။
"ကျနော်…အဲ အကို ဘာကောင်းလဲဆိုတာ သိပ်မသိဘူး။ သွယ် ကြိုက်တာ မှာပါ"
သွယ်ခေါ်သလိုပဲ အကိုဟု သုံးလိုက်သည်။ သွယ်က သူစားချင်သည့် ဟင်းတချို့မှာသည်။ သူ့အတွက်ပါ တခါတည်း မှာလိုက်သည့်အတွက် မင်းသော် စိတ်ထဲ တမျိုးဖြစ်သွားသည်။ ပိုင်စိုးပိုင်နင်းနဲ့ဟု ပြောရအောင်လဲ အိုးက မပူ စလောင်းကပူ ဆိုသလို ဖြစ်နေမလားမသိ။ ဂရုစိုက်သည့် သဘောတော့ ဖြစ်နေသည်။ ထူးခြားတာက ၀ိုင် အနီတစ်လုံးပါ မှာလိုက်သည်ကို တွေ့ရသည်။ ၀ိတ်တာလေးက သူတို့ ၂ ယောက်ကို ဘယ်လို ထင်သွား၍လား မသိ။ ပြုံးစိစိနှင့် ကြည့်ကာ အော်ဒါယူပြီး ထွက်သွားလေသည်။
"၀ိုင်က သွယ်သောက်ဖို့မှာလိုက်တာလေ။ အကို သောက်ချင်ရင် ဘီယာ ဖြစ်ဖြစ် အပြင်းဖြစ်ဖြစ် တခုခု မှာလေ။ အကို ဘီယာ သောက်နိုင်တာ သွယ် သိပြီးသားပါ။ ဒါမှ မဟုတ် ၀ိုင်အနီကိုပဲ သွယ်နဲ့ ရှယ်မယ်လေ"
"ရတယ် သွယ် ကိုယ် ဘီယာပဲ သောက်တော့မယ်လေ"
သွယ်သည် ဒင်နာ စားနေရင်းမှ မင်းသော်နဲ့ စကားလက်ဆုံကျနေလေသည်။ မင်းသော်က ဘီယာ ၂ ခွက်သာ မှာသောက်သော်လဲ သွယ် က စကားတပြောပြောနဲ့ သောက်နေသည်မှာ ပုလင်း တ၀က်ကျော်သွားပြီ ဖြစ်သည်။ သွယ် အနည်းငယ် မူးနေပုံရသော်လဲ ထို မူးသည့်ပုံစံလေးက စပြီး ချစ်ဖို့ ကောင်းလှသည်။
မင်းသော်နဲ့ စကားပြောရင်း သွယ်က မင်းသော် ပခုံးကို အမှတ်တမဲ့ ကိုင်ပြီး ပြောသည့်အခါများလဲ ရှိသည်။ သွယ်က မိန်းကလေး ပီပီသသ တခစ်ခစ်ရယ်ရင်း စကားပြောသော်လည်း အခု အချိန်မှာတော့ ယောက်ျားလေး တစ်ယောက်ကဲ့သို့ စကားပြောရင်း တဟားဟားရယ်ချင်လဲ ရယ်နေပြန်သည်။
မင်းသော် နွယ့် အကြောင်းကို မေးရမည့်အစား စကားစ တည်မရပဲ သွယ်ပြောသော စကားများတွင် လိုက်ပါ စီးမျောနေသည်။ သွယ်က မင်းသော်ကို အမှတ်မထင် မေးသည်
"ကို့ မှာရည်းစားရှိလား"
အသံက အနည်းငယ် အာလေး လျှာလေး ဖြစ်နေသဖြင့် အကို ခေါ်သလား ကိုလို့ခေါ်သလား မင်းသော် မသဲကွဲပါ။
"မရှိပါဘူး။ ဘာဖြစ်လို့လဲ သွယ်"
"အခုထိ အမြီးမပေါက် ဘာမျောက်လဲ၊ မျောက်လွှဲကျော် တော့ မဟုတ်လောက်ဘူး။ ချင်ပန်ဇီ ဖြစ်ရမယ် ဟားဟားဟား"
"သွယ်ကတော့ ပြောရော့မယ်"
သွယ်က စကားလဲ ပြောရင်း ရှေ့က ပုလင်းထဲမှ ၀ိုင်အနီကိုလဲ တခွက်ပြီး တစ်ခွက် ထည့်သောက်ရာ မကြာမီ ၀ိုင် တစ်ပုလင်းလုံး ကုန်သွားလေတော့သည်။ မင်းသော်ကိုလဲ "ဘီယာ မမှာတော့ဘူးလား" လို့ မေးသည်။ မင်းသော်က မိန်းကလေး တစ်ယောက်နှင့်ဖြစ်သောကြောင့် မူးအောင် မသောက်ချင်ပါ။ အထူးသဖြင့် သွယ်တို့ ရှေ့မှာ မမူးချင်ပါ။ ခရီးတုန်းကလဲ ဘီယာ မူးသဖြင့် နွယ်က စိတ်ဆိုးသွားကာ အခုထိ စကားမပြောတာဟု ထင်နေသဖြင့်လဲ ပါသည်။
သွယ်က အိမ်သာ သွားမည် ပြောပြီး ထသွားသည် ထလိုက်သည့်အခါ အနည်းငယ် ယိုင်သွားသဖြင့် မင်းသော် ထိန်းလိုက်ရာ သွယ်၏ ပြည့်ဖြိုးသော ခန္ဒာကိုယ်သည် မင်းသော် ရင်ခွင်ထဲသို့ တိုးဝင်သွားသဖြင့် နူးညံ့သော အထိအတွေ့တွင် ယစ်မူးသွားမိလေသည်။ သို့သော် သွယ်က ချက်ချင်း ပြန်ထိန်းလိုက်သဖြင့် မင်းသော် လွှတ်ပေးလိုက်လေသည်။
"သွယ်…ရတယ်နော်"
"ရတယ် ကို …သွယ် ဘာမှ မဖြစ်ပါဘူး"
သွယ် အိမ်သာဘက်သို့ ထွက်သွားသည်ကို လှမ်းကြည့်နေမိသည်။ လိုအပ်ရင် ထိန်းပေးရန် ဖြစ်သော်လဲ သွယ်က ဖြောင့်ဖြောင့်တန်းတန်း သွားသည်ကို တွေ့သဖြင့် အနီးတွင် ရှိသော ၀ိတ်တာကို လက်ပြကာ ဘီလ် တောင်းလိုက်သည်။
သူ မှန်းထားသလောက်သာ ကျသဖြင့် မဆိုးဘူး ထင်သလောက် ဈေးမကြီးပါလား ဟု မင်းသော်တွေးမိသည်။ ဒါပေမဲ့ ပိုက်ဆံကုန်တာ နွယ် ၏ သတင်းမကြားရ၍ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ဖြစ်ရသည်ဟု ထင်သည်။ သို့သော် သွယ် နှင့် စကားပြောရတာလဲ ပျော်နေသလို ခံစားရသည်။ သွယ်..အိမ်သာ သွားတာ ၁၀ မိနစ်လောက်ကြာပြီဖြစ်သော်လည်း ပြန်မလာသဖြင့် မင်းသော် စိတ်ပူပြီး အိမ်သာဘက်သို့ လိုက်သွားကြည့်သည်။ လမ်းတနေရာတွင် သစ်ပင်တပင်ကိုမှီပြီး အန်နေသော သွယ့်ကိုတွေ့ရသဖြင့် ကမန်းကတမ်း သွားပြီး ပွေ့လိုက်ရသည်။ သွယ်က မျက်လုံးလှန်ကြည့်ပြီး မင်းသော်ကို ပြောသည်။
"သွယ် ဘာမှ မဖြစ်ပါဘူး..။ နည်းနည်း အန်ချင်လို့….အစားများသွားပြီး ရင်ပြည့်သွားတယ် ထင်တယ်"
"အဲဒါဆိုလဲ ပြန်မယ်လေ။ ကိုယ် မနက်ဖြန် အပွိုင့်မန့် မနက် စောစောသွားစရာ ရှိလို့ ရုံးက ကားယူလာတယ်။ အိမ် ပြန်လိုက်ပို့ပေးမယ်"
သွယ်က ယာဉ်မောင်း ခုံဘေးကို ၀င်ထိုင်သည်။ မင်းသော် စက်နှိုးပြီး အဲကွန်းဖွင့်ပေးထားကာ အပေါ့သွားချင်သဖြင့် အိမ်သာ ခဏသွားလိုက်သည်။ ပြီးနောက် ကား တံခါးကိုဖွင့်ကာ ၀င်ထိုင်လိုက်သည်။ ဘေးနားက ထိုင်နေသော သွယ့်ကို လှမ်းမေးလိုက်သည်။
"သွယ့် အိမ်က ဘယ်နားမှာလဲ။ ကိုယ် ဘယ်ကို မောင်းရမလဲ"
သွယ်က ဘာမှ ပြန်မပြောသဖြင့် ကားထဲမှ မီးဖွင့်ပြီး ကြည့်လိုက်ရာ ခွေခွေလေး ရှေ့ခန်း သူ့ဘေးကခုံမှာ အိပ်ပျော်နေသည်ကို တွေ့ရသည်။ အိပ်ပျော် နေတာလား… အမူးလွန် သွားတာလားတော့ မသိ…။ မင်းသော် ခပ်ဆတ်ဆတ် လှုပ်နှိုးသော်လဲ သွယ့်ကို လုံးဝ နှိုးလို့ မရတော့ပါ။
"ဒုက္ခပါပဲ။ သူ့အိမ်ကိုလဲ ငါမသိဘူး။ အိမ်ကို ခေါ်သွားပြန်ရင်လဲ ဇင်မျိုးရှိတော့ တမျိုးထင်သွားရင် မကောင်းဘူး။ ဒီကောင်က သိပ်နူတ်လုံတာ မဟုတ်ဘူး တော်ကြာ အိမ်က သိသွားရင် သူ သိက္ခာကျနေဦးမယ်။" ဟု ဟိုဟို ဒီဒီ စဉ်းစားရင်း မင်းသော် စိတ်ရှုပ်သွားသည်။ စဥ်းစားလို့ မရတာနဲ့ အနီးရှိ သန့်ပြန့်သည်ဟု ထင်ရသော ဟော်တယ် တစ်ခုကို မောင်းသွားလိုက်သည်။ ဟိုတယ်မှာ ဘန်ဂလို ပုံစံဖြစ်သဖြင့် ကိုယ့်အခန်းရှေ့အထိ ကားမောင်းဝင်သွားလို့ရသည်။ ပါကင်ထိုးလိုက်သောအခါ ၀ိတ်တာလေးက ရောက်လာသဖြင့် မင်းသော် သူ့မှတ်ပုံတင် ပေးပြီး အခန်းခ ရှင်းကာ အခန်းတစ်ခန်း ယူလိုက်ကာ သွယ့်ကို တွဲပြီး အခန်းထဲသို့ ၀င်လိုက်လေသည်။
သွယ့်ကို တွဲပြီး ကုတင်ပေါ်တင်ပေးသောအခါ သွယ်က သူ့လည်ပင်းကို မလွှတ်ပဲ အတင်းဆွဲထားလေသည်။ သွယ့်လက်ကို ဖြုတ်သော်လည်း လက်ပြန်ဖြစ်နေသဖြင့် လွယ်လွယ်နဲ့ မပြုတ်နိုင်ဘဲ ဖြစ်နေသည်။ အရမ်း အားသုံးလိုက်ရင် သွယ့် လက်ချောင်းလေးများ နာသွားမှာလဲ စိုးပါသည်။ သို့သော်လည်း သွယ်၏ အိထွေးသော အထိအတွေ့က သူ့သွေးများကို တရှိန်းရှိန်း ဆူပွက်လာစေသည်။ သွယ့်ကို အသာထိန်းပြီး ပက်လက်အနေအထားဖြစ်အောင် ကုတင်ပေါ် ချလိုက်သည်။ စီးထားသော ဖိနပ်ကိုလဲ တခါတည်း ချွတ်ပေးလိုက်သည်။
သွယ်သည် ကပိုကယိုနှင့် ဖြစ်နေသော်လည်း သွယ်၏ ပုံစံသည် သူ့အလှအပများကို ဖုံကွယ်ထားခြင်းမရှိပါ ကြည့်၍ တမျိုးကောင်းနေသေးတော့သည်။ သွယ့် ဂါဝန်သည် ပေါင်ရင်းသို့ လိမ့်တက်နေပြီး ဖြူဖွေးသော ပေါင်ရင်းများပင် ပေါ်နေလေပြီ။ မျက်နှာလေးမှာ ၀ိုင်အရှိန်ဖြင့် ပါးအို့လေးများ နီထွေးနေပြီး နှုတ်ခမ်းဖူးဖူးလေးကလဲ တစ်ခုခုပြောချင်သလို စူတူတူရှိနေလေသည်။ မင်းသော် တစ်ခုခု ပြောမည် ကြံနေစဉ် သွယ်က သူ့မျက်နှာကိုဆွဲယူပြီး နှုတ်ခမ်းကို စုပ်နမ်းလိုက်လေသည်။
မင်းသော် ထိန်းချုပ်ထားသော စိတ်များသည် ကျွဲရိုင်းကို ခြံထဲမှ မောင်းထုတ်လိုက်သကဲ့သို့ အထိန်းအကွပ် မဲ့စွာ ဒုန်းစိုင်းပြေးလေတော့သည်။ မင်းသော် စိတ်ထဲတွင် သူချစ်ရသော နွယ်၏ ညီမလေး ဖြစ်သော သွယ့်ကို မည်သို့မျှ မမှတ်မိတော့သလို ဝေေ၀ ၀ါးဝါးဖြစ်နေပြီး မွန်းကြပ်သော စိတ်၏ စေရာကိုသာ ခန္ဒာကိုယ်က လိုက်ရန် ကြံနေပါတော့သည်။ စိတ်ရိုင်း၏ ကြိုးဆွဲရာ ကနေရသော ရုပ်သေးရုပ်လေးပမာ တီးနေသည့် ဘီလူးဆိုင်းအတိုင်း ကဆုန်စိုင်းပြီး စည်းချက်ကျကျ ကပြမိနေပါတော့သတည်း။
နီထွေးသော နှုတ်ခမ်းလေးကို မင်းသော် အငမ်းမရ နမ်းရှိုက်လိုက်လေသောအခါ ပါးပါးသာ ကျန်တော့သည့် နှုတ်ခမ်းနီအနံ့ လုံးဝ မရတော့ပဲ သွယ့် နှုတ်ခမ်းသားလေး၏ ပူနွေးသော အထိအတွေ့နှင့် မင်းသော် အမျိုးအစား မခွဲခြားတတ်သည့် မွှေးမြသော ရနံ့တို့သာ ရလိုက်ပါသည်။ သွယ့်နှုတ်ခမ်းလေးသည် သကြားလုံးကဲ့သို့ ချိုသည်ဟု မင်းသော် ထင်မိသည်။ အချိုအရသာကို စုပ်ယူနေစဉ်မှာပင် ပူသောအရသာက အစားထိုး ၀င်လာပြန်သဖြင့် မင်းသော် ဘာအရသာမှန်း မသိနိုင်တော့သဖြင့် နောက်တစ်ဖန် ပြန်လည် စမ်းသပ်မိပြန်တော့သည်။ ဤသို့နှင့် သူတို့၂ဦး၏ နှုတ်ခမ်းသား ၂ စုံသည် ဂဟေ ဆက်သကဲ့သို့ အချိန်အတော်ကြာ ခွဲမရနိုင်ပဲတွယ်ဆက်နေသလို ခန္ဒာကိုယ် နှစ်ခုသည်လည်း နှစ်ကိုယ့်တစ်စိတ်ပမာ ပူးကပ်၍ နေပါတော့သည်။
စိတ်နောက်ကိုယ်ပါ ဟူသော စကားသည် စိတ်၏ သွားနှုန်း အရှိန်မှာ မြန်လှသည့်အတွက် ခန္ဒာကိုယ်က စိတ်နောက် လိုက်ပါနိုင်လောက်အောင် မြန်လိုသည့်အခါမျိုး အတွက်သာ သုံးရသည့် စကားဖြစ်နိုင်သော်လည်း ယခုအခါ မင်းသော် စိတ်က သူဘာလုပ်နေသည်လဲ မသိနိုင်လောက်သည့် အခြေအနေတွင် ဘယ်လိုစကားမျိုးနှုင့် ခိုင်းနှိုင်းရမလဲ မသိနိုင်တော့ပါ။ စိတ်ထဲတွင်တော့ ပြင်းပြစွာ တောက်လောင်နေသည့် ဆန္ဒတစ်ခုမှ လွဲ၍ ဘာမှ သိရှိခြင်းမရှိတော့ပါချေ။
မင်းသော်၏ လက်များသည် အစီအစဉ်မဲ့စွာ သွယ်၏ ကိုယ်တစ်ခုလုံးကို ပွတ်သပ်၍ နေလေသည်။ မကြာမီ သူတို့ ၂ ဦးစလုံး အ၀တ်ဗလာဖြင့် မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားလေတော့သဖြင့် ရမ္မက်မီးသည် တဖြည်းဖြည်း အမှောင်တကာ့ အမှောင် နယ်ထဲ တိုးဝင်ကာ ကျွမ်းလောင်စေလေတော့သည်။
"ကို...အင်း...မလုပ်...အာ...."
သွယ်၏ နှုတ်ခမ်း၂လွှာမှ စကားသံဟု ထင်ရသော အသံများ ပွင့်အံကျလာသလို ရှိသော်လည်း ဘာမှ နားမလည်သလို ဘာအသံတွေမှန်းလဲ မင်းသော် သရုပ်မခွဲတတ်တော့ပါ။ သူ့အား ဆက်တိုးရန် တောင်းဆိုနေသည်လား သို့မဟုတ် လွှတ်ပေးရန် တောင်းပန်နေသည်လား မသိတော့သလို သိလဲ မသိချင်တော့ပါပဲ အမှောင်ထုထဲ တတ်နိုင်သလောက် တိုးဝင်နေမိလေတော့သည်။
"အကို…"
သွယ် သူ့လက်မောင်းကို ပုတ်လိုက်သဖြင့် ထိုင်နေရာမှ မင်းသော် သတိပြန်ဝင်လာသည်။ သွယ် အိမ်သာ ခဏ သွားနေတုန်း သူအမူးလွန်နေပုံကို ကြည့်ရင်း သူ အတွေးလွန်သွားပုံရသည်။ ခယ်မလောင်းကို မနောကံနဲ့ ပစ်မှားမိလိုက်သလို ဖြစ်၍လဲ ရှက်သွားမိသည်။ တော်သေးတာပေါ့ တကယ်မဖြစ်သွားတာရယ် …ဘယ်သူမှ မသိလိုက်လို့ရယ်…။
သွယ် က ယိုင်ထိုး ယိုင်ထိုးဖြင့် ကားခေါင်းခန်းကို ဖွင့်ကာ ထိုင်လိုက်သည်။ ခဏနော်ဟု ပြောကာ မင်းသော် တွိုင်းလက်သွားပြီး ခုနကလို မကောင်းသော အတွေးတွေ မ၀င်အောင် မျက်နှာ သစ်လိုက်သဖြင့် အတော်လန်းဆန်းသွားသည်။ ကားဆီပြန်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သွယ်က တကယ်ကို နှိုးမရတောပဲ ဘေးခုံတွင် အိပ်ပျော်နေသည်လေ။
သွယ့်ကို နှိုးမရတော့သည့် အချိန်တွင် မင်းသော် ဘာလုပ်မလဲ ဆိုတာ လျှင်လျှင်မြန်မြန် စဉ်းစားမိသည်။ သွယ့် လိပ်စာကို သူမသိ။ ဒါပေမဲ့ ရုံးနဲ့ သိပ်မဝေးတာတော့ သိသည်။ ပြီးတော့ အခု ဆိုင်ကလဲ ရုံးနဲ့သိပ်မဝေးလှပေ။ သွယ်ထွက်လာပြီဟု ပြောသည့်အချိန်နှင့် ဆိုင်ကို သွယ်ရောက် သည့်အချိန်က သိပ်မကွာလှသဖြင့် ဒါဆိုသေချာပေါက် ဒီနားမှာပဲ ရှိရမည်ဟု ဆားပုလင်း နှင်းမောင်လို စဉ်းစားလိုက်သည်။ ည ၉ နာရီဘဲ ရှိသေးသဖြင့် အိမ်က လူတွေ မအိပ်လောက်သေးတာ သေချာသည်။ နွယ် မအိပ်သေးသည့်အတွက် နွယ့်ကို ဖုန်းဆက်ရင် အဆင်ပြေနိုင်သည်
သွယ်၏ စလင်းဘက် အိပ်ကလေးကို ဖွင့်ကြည့်ရာ သွယ့် လက်ကိုင်ဖုန်းလေး တွေ့သည်နှင့် မင်းသော် ဖုန်းကို ဖွင့်ကြည့်သည်။ သို့သော် passcode pattern ခံထားသည်ကို တွေ့ရသဖြင့် ခဏတော့ အကြံအိုက်သွားသည်။ သို့သော် သွယ်တို့ မိန်းကလေးတွေက ကိုယ့်နာမည် စာလုံးကို pattern ထားတတ်ကြတာ ဖြစ်လို့ T ပုံစံ ဆွဲလိုက်သောအခါ ဖုန်း လော့ ပွင့်သွားသည်။ နွယ်လို့ ရေးထားသော ကွန်တက်ကို ဖုန်းဆက်လိုက်သည့်အခါ နွယ်က ဖုန်းကိုင်လေသည်။
“သွယ်…..နင်ဘယ်ရောက်နေတာလဲ”
“နွယ် …ကိုမင်းသော်ပါ။ သွယ် နဲ့ ကိုယ် ရှိနေတာ။ အလုပ်ကိစ္စ ကပ်စတမ်မာနဲ့တွေ့ရတာ ကိုယ်လဲပါတယ်။ အဲဒါ သူ နေမကောင်းလို့ ခေါင်းမူးနေလို့ အိမ်လိုက်ပို့ မလို့ နွယ်တို့ အိမ်လိပ်စာလေး ပြောပေး”
သွယ် အရက်မူးသည့်ကိစ္စ သူ့အိမ်မှာ ပြဿနာ မဖြစ်စေချင်တာနဲ့ အဆင်ပြေသလို ကြည့်ပြောလိုက်သည်။ သူ့အသံကြားတော့ နွယ် ခဏ အသံတိတ်သွားသည်။ ပြီးတော့မှ အသံပေါ်လာပြီး လိပ်စာ ပြောလေသည်။
“နွယ်တို့နေတာက အမှတ်………….. ၁၂ လုံးတန်း ရန်ကင်းမှာ။ လမ်းထိပ်ရောက်တာနဲ့ နွယ့်ကို ဖုန်းကြိုဆက်၊ နွယ်လာခေါ်မယ်”
“အိုခေ”
မင်းသော် ၅ မိနစ်အကြာမှာ သွယ်တို့ လမ်းထိပ်ရောက်သည်။ ဖုန်းဆက်ထားသဖြင့် နွယ်ကလဲ ကြိုစောင့်နေသည်ကို တွေ့ရသဖြင့် သွယ့်ကို နွယ့်ဆီ လွှဲပေးလိုက်လေသည်။ နွယ်က အဖွားကြီးပေါက်စလေးလို ပွစိ ပွစိပြောနေလေသည်။
“အစောကြီးကတည်းက ကိစ္စရှိလို့ဆိုတာလဲ ပြောမသွားဘူး။ ပြီးတော့ အိမ်မှာလဲ လူကြီးတွေက ရှိတာ မဟုတ်တာကို … လူကို စိတ်ပူအောင် အမြဲလုပ်တယ်။ ဟင်…အရက်တွေလဲ သောက်လာတယ်လား”
“ဧည့်သည်က အမျိုးသမီးတွေလဲ ပါပါတယ် သူတို့ကို ဧည့်ခံတော့ ၀ိုင်မှာလိုက်လို့ နည်းနည်း သောက်တာပါ။ နေမကောင်းလို့ ခေါင်းမူးတယ်လို့ပြောတာနဲ့ ကားပေါ်မှာ နားခိုင်းလိုက်တော့ ဒင်နာပြီးသွားတဲ့အချိန် အိပ်ပျော်သွားတာနဲ့ လိုက်ပို့ပေးတာ”
“ဟုတ်ကဲ့ ကိုမင်းသော်ကို ကျေးဇူး အများကြီးတင်ပါတယ်။ မိသွယ်မ ဒုက္ခပေးတာ ခံလိုက်ရတာ အားနာလိုက်တာ”
“ရပါတယ်..တခြားသူတွေမှ မဟုတ်တာပဲ”
နွယ့်ကို နှုတ်ဆက်ပြီး အိမ်ပြန်သွားသည့်အချိန် မင်းသော် ပေါ့ပါးလန်းဆန်းနေပြီး စိတ်တွေ အရမ်းကြည်နေလေသည်။ ပြီးတော့ ပျော်လဲ အလွန်ပျော်ခဲ့သည်။ နွယ်၏ ပုံစံက ခရီးမသွားခင် ရုံးမှာ တွေ့ကြတဲ့ အရင် ပုံစံလေး ဖြစ်နေသောကြောင့်ပင်တည်း။
ကလောမြို့က တောင်ပေါ်ဟိုတယ်လေး၏ မနက်ခင်းသည် ပြီးခဲ့သော ၂ နှစ်ကထက် ပိုအေးလေသည်။ သို့သော်လဲ နွယ် မနက် ၅ နာရီခွဲမှာ နိုးနေကျအကျင့်အတိုင်း နိုးလာလေသည်။ ဒီကို သန်းခေါင်ကျော်မှ ရောက်လာသော်လဲ မနက်အစောကြီးနိုးနေပြန်သဖြင့် အိပ်ရေးပျက်မည် ထင်သော်လဲ လူက အလိုလိုပျော်ပြီး လန်းဆန်းနေလေသည်။
“ကို…ထတော့လေ။ လမ်းလျှောက်ရအောင်”
ကို က သူ့ကို ဖက်ကာ စောင်ကြီး ပြန်ခြုံလိုက်လေသည်။ နွယ်က အိပ်ယာထရန် ပြင်နေသည်ကို နွယ့်ပေါ် ကို အတင်းခွတက်နေသဖြင့် အတင်းရုန်းထလိုက်သည်။ စောင်ကို ဖယ်လိုက်ပြီး ကွေးကွေးလေး ပြန်အိပ်နေသည့် မင်းသော်ကို ကုတင်ပေါ်က အတင်း ဆွဲချလိုက်သည်။
"ကို…လမ်းလျှောက်မယ်လေကွာ။ အိပ်ပုတ်ကြီး..ထပ်မအိပ်နဲ့တော့ မရဘူး အခုထ"
"အခု ထနေတာပဲဟာကို.."
"ကိုနော်… သွား..သူ တော်တော် ညစ်ပတ်။ ရှင့်ကို လူရိုးလေးမှတ်လို့ ယူမိတာ ခုတော့ ညတိုင်း ကောင်းကောင်း အိပ်မရတော့ဘူး။ မနက်ဖက်တော့ ရန်မရှာပါနဲ့ ချမ်းသာပေးပါနော်…"
မင်းသော် က တဟီးဟီး ရယ်ရင်း ရေချိုးခန်းဝင်သွားလေသည်။ နွယ်တို့ ဟန်းနီးမွန်းခရီးထွက်လာခြင်း ဖြစ်သော်လည်း အလုပ်ကိစ္စတွေ မပြတ်သဖြင့် မင်္ဂလာပွဲအပြီး တပတ်အကြာမှ ထွက်လာနိုင်သဖြင့် belated Honeymoon ဖြစ်သွားသည်။ ဟန်းနီးမွန်းကိုလဲ လင်မယားနှစ်ယောက် စဉ်းစားထားသည့်အတိုင်း ယခင်အမှတ်တရရှိခဲ့သော ကလော ခရီးစဉ်အတိုင်း စီစဉ်ကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကလောမြို့သည် အေးချမ်းလှပသလို သူ့ချစ်သူ ကို သည် အေးချမ်းသော အချစ်နှင့် ချစ်သည်ဟု သူယုံကြည်သည်။ ကလောမြို့လေးလှသလိုပဲ တို့တွေ ချစ်ခရီးသာယာ လှပပါစေဟု ဆုတောင်းမိလေသည်။ ကို သည် သာယာလှပသည့် ရှေ့ခရီးကို သူ့ကို ဦးဆောင်ကာ အတူတူ လျှောက်လှမ်းမည့်သူဟု အပြည့်အ၀ ယုံကြည်အားကိုးမိပြီးပြီလေ။
ဤ ခရီးကို စီစဉ်တုန်းက သူတို့ သွယ့်ကို ခေါ်သေးသော်လဲ ငါက ဘာလိုက်လုပ်ရမှာလဲဆိုပြီး အတင်း ငြင်းသည်နှင့် ထားခဲ့ရခြင်းဖြစ်သည်။ သူ ပါလဲ နွယ်တို့ ဘာမှ အနှောက်အယှက် မဖြစ်ပဲ ပိုတောင် ပျော်စရာ ကောင်းဦးမည်ဟုထင်သည်။ သူက ဒီဇာတ်လမ်းမှာ ဒါရိုက်တာ မမဖြစ်သဖြင့် သူ့ကို သတိရနေမိသည်။
သွယ် နှင့် သူ စကားပြောခဲ့သည့် တစ်ခုတည်းသော ရုံးပိတ်ရက် ထို မနက်ကို နွယ် အခုထိ မှတ်မိနေပါသေးသည်။
ထိုမနက်က သွယ် အိပ်ယာထနောက်ကျသည်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ဆို သွယ် နောက်ကျမှ ထတတ်သည်လေ။ သွယ် ညက ဒင်နာသွားတာ ပြန်သတိရလိုက်သည်။ သွယ် ဘယ်လို ပြန်ရောက်လာလဲ သွယ် မမှတ်မိတော့။
"ညက ကိုမင်းသော်နဲ့ ….ငါ အရက်မူးပြီး…အိပ်ပျော်သွားတာ။ ဘယ်လို ပြန်ရောက်လာပါလိမ့်"
ဘာမှ စဉ်းစားလို့ မရသည်နှင့် အိမ်သာဝင်လိုက်သည်။ အိမ်သာတက်ပြီး တခါတည်း ဘေစင်တွင် မျက်နှာသစ် သွားတိုက်လိုက်သည်။ အိမ်သာမှ ထွက်ပြီး ရေချိုးရန် သဘက် ထွက်အယူတွင် နွယ် က လက်ကို ဆွဲပြီး သူ့အခန်းထဲ ဆွဲခေါ်သွားတော့သည်။
“ဟဲ့ သွယ်ညက ကပ်စတန်မာနဲ့ ဒင်နာ တကယ်သွားရတာ ဟုတ်လို့လား။ နင်ပြောတုန်းက သူငယ်ချင်း ဘတ်ဒေးပါတီ ရှိလို့ နောက်ကျရင် သူ့အိမ်မှာပဲ အိပ်ဖြစ်ရင် အိပ်မယ်ဆို”
"အဲဒီကိစ္စ ခဏ ထားပါဦးဟာ…။ ငါညက အိမ်ကို ဘယ်အချိန် ပြန်ရောက်လဲ။ ဘယ်လိုရောက်လာတာလဲ"
"ည ၉ နာရီလောက်က ကိုမင်းသော် နင့်ဖုန်းနဲ့ ငါ့ဆီ လှမ်းဆက်တာ။ အိမ်လိပ်စာမေးပြီး နင်ခေါင်းမူးလို့ ဆိုလို့ အိမ်ပြန်လာပို့ပေးသွားတာလေ"
"အော်..ဒီလိုလား"
"ငါမေးတာ ဖြေဦးလေ။ နင်ဒင်နာသွားတာ တကယ်လားလို့"
"ငါ ဘာမှ မဖြေနိုင်ဘူး။ ဒါပေမဲ့ အခုလောက်ဆို နင့်ကို ခွင့်ပြုချက်တစ်ခုတော့ ပေးနိုင်နေပြီ။ ကိုမင်းသော်နဲ့ စကားပြန်ပြောလို့ရပြီ သွယ်။ နင်နဲ့ သူ့ကို ငါသဘောတူတယ်"
သွယ်၏ ထူးထူးခြားခြား အမူအကျင့်ကို သိသဖြင့် နွယ် အတင်း မမေးတော့ပါ။ သို့သော် နွယ် ဖြစ်စေချင်သလို ချစ်ရသော ကိုမင်းသော် နဲ့ ဝေးစရာ မလိုတော့သည့်အချက် အဓိကဖြစ်သောကြောင့်လဲ ပါသည်လေ။ သွယ်က ရေချိုးဦးမည်ဆိုပြီး ရေချိုးခန်းပြန်ဝင်သွားလေသည်။
ရေချိုးခန်းထဲတွင် သွယ်တစ်ယောက်တည်း မနေ့ညက အကြောင်း စဉ်းစားနေမိသည်။ အဲဒီညက သွယ် ၀ိုင်သောက်ပြီး မူးသွားခြင်းမှာ အမှန်ဖြစ်ပြီး သွယ့်မှာ ဘာ back up အစီအစဉ်မှ မရှိသောကြောင့် ကိုမင်းသော်သာ သွယ့်ကို အိမ်ပြန်မပို့ပေးပဲ တနေရာရာ ခေါ်သွားခဲ့လျှင် သွယ် တခုခုဖြစ်သွားနိုင်သည့် အနေအထားဖြစ်လေသည်။ ဒါပေမဲ့ အခုလို စစ်ဆေးသည့်နည်း ဘာကြောင့် သုံးရတာလဲဆိုတာတော့ သွယ် ကိုယ်တိုင်သာလျှင် အသိဆုံး ဖြစ်ပါတော့မည်တကား။
လေးစားလျှက်
မင်းသော်